Friday, May 6, 2016
ဂျူးမင်း
*****ဂျူးမင်း****
  • စကား......ပြောသမျှတော့တော့ဒေါသနဲ့ ကင်းအောင်ပြော....
  • အပြောခံရသူမှာ..ဒေါကန်ပီးပြောရန်စကားတွေပေါ်လာ ပျော်စရာမရပဲမတော်တာတွေဖြစ်ကုန်တတ်လို့ ပါ....
  •  နှလုံးသားမှလာသောနုတ်ဆက်ခြင်းသည် အားငယ်သူကိုအားပေးပြီးအထီးကျန်သူကို အဖော်ရစေတယ်.....
  • ပြောရာမှာ မောတာသာအဖတ်တင်ပြီး အောင်မြင်မှု့ မရ ရင်လဲ  မသင့် လျှော်ပြန်ဘုးလေ....
  • ခေါက်ချိုးပြောရင်လဲ ဇောက်ထိုးနားလည်ပေးတတ်ရတယ် ဒါမှအဆင်ပြေတာ...မှန်ကန်သောစကားကို ချစ်ဖွယ်သောစကားလုံးဖြင့် ကောင်းစွာပြောဆိုတတ်ရမည်...လောကမှာ စကားပြောလိုသူနဲ့ နားထောင်သူနှစ်မျိုးပဲရှိတယ်...စကားရိုင်တာလဲအမှားတစ်ပိုင်းဖြစ်တတ်တယ်..
  • ပရမ်းပဒါအတွေးကြောင့် ဖရိုဖရဲစကားလုံးတွေထွက်လာတတ်တယ်...
  • ဘယ်သူမှနားမထောင်ချင်တာတော့ဒေါသ စကားပဲ ဒေါသစကားဟာ နားခါးတယ် အလှပျက်တယ်...
ဒေါသများရဲ့  စကားလုံး
  •  ဒေါသစကားအမှား ရာထောင်...
  • ဒေါသစကား နားမှာခါး...
  • ကောင်းကျိုးမရလူ့ ဒေါသ...
  • ဒေါသမီးလျှံ အကျည်းတန်..
  • ပညာရှိလျှက်ဒေါသဖျက်...
  • ဒေါသအလိုစကားတို...
  • ဒေါသကြီးသူခွေးနဲ့ တူ...ဒေါသကိုနိဒါန်းသွယ်ပေးရရင်တော့ဖြင့် ...အဆင်းရုပ်ရည် ရွှေစင်နိက္ခဇမမ္ဘူမှာလှပေမယ့် ဒေါသထွက်လာလျှင် တစ္ဆေမြေဖုတ်ဆုတ်ယုတ်ကျက်သရေ ပျက်သုဉ်းစေသတည်း.....  ဂျုးမင်း
Wednesday, April 27, 2016
လူလိမ်
“လူလိမ်”
ခေါင်းစဉ်မရှိတဲ့
အလွမ်းနှင့် မှ...
ဝေဆာချင်တဲ့သူ...။
မလေးနက်တဲ့
ရင်ဘတ်နှင့်မှ..
ချစ်တတ်ချင်တဲ့သူ..။
ဘ၀မပါတဲ့
အညာဇာတ်နှင့်မှ
ကပြ သုံးတော်ခံချင်တဲ့သူ...။ 
ရင်တွင်းဖြစ်မဟုတ်တဲ့
ကဗျာ အပုတ်တွေနှင့်မှ...
ကွန်ယက်ချင်တဲ့ သူ...။
အသည်းကိုစား
သူ့လက်ဖျားမှာ...
အစစ်မှန်သမျှ အံတု...
စိတ်ဓာတ်နိမ့် ခုံခုထားတဲ့လူ..။
Tuesday, April 5, 2016
မိန်းကလေးတွေအတွက် အကြံဥာဏ်(၁၄)ချက်
မိန်းကလေးတွေအတွက် အကြံဥာဏ်(၁၄)ချက်
(၁) စာဖတ်ဝါသနာရှိပါစေ
... (၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ။
ဇာဇာနှင်း
Saturday, March 26, 2016
နွေ
““နွေ”””
နွေ.........
သြော်.....နွေတဲ့လား.......
သစ်ရွက်တွေခြွေမှ နွေ ပီသမတဲ့လား.......
ဥသြငှက်ရင်ကွဲ သံစဉ်ဆိုမှ
ချိုမြမြ လွမ်းရမတဲ့လား.......
လွမ်းတယ်ဆိုတာ မယုံဘူးမှတ်လား
ဟော့....ကြည့်စမ်း....
ရိုးတံကြဲကြဲ ကိုင်းကြားကနေ
ချွန်မြမြ ရွက်နုတွေ ဝေလို့ ...ဝေလို့ 
နွေကို အံတုနေတာ.....
ဥသြငှက် တေးသီလို့ 
ကံကော်တို့ တောင် နိုးထကြပြီ......
မကြာမှီ....အနောက်လေ မိုးစက်ပွင့် အကြဲမှာ......
ပန်းပိတောက်တွေ တစ်ဝေေ၀နဲ့ .....ပွင့်တော့မယ်
ငါ့အလွမ်းတွေ ဝေလို့ ....ကြွေလို့ ....
တစ်နွေပြီး တစ်နွေ ငါ့ကို ဖြတ်ကျော်နေခဲ့....
ဖြတ်ကျော်ခဲ့တဲ့ ခြေလှမ်းတွေက ထူလို့  ပူလို့ 
ဖြတ်သန်းလာခဲ့တဲ့ နွေ.....နွေ.....နွေ
ဒီနေ့ နွေနဲ့  မနက်ဖြန်နွေက
ငါ့နှလုံးသား မီးတောင်ကိုပိုလှုပ်ခတ်စေခဲ့.....
ဖြန်းပက် နေတဲ့ ရေတွေက
ငါ့ကို...လွမ်းမေားလို့ ....
လွမ်း.....လွမ်း...လွမ်း
ငါ့ကို...လွှမ်းမိုးလို့ .....
ပင်လယ်အောက်က မီးတောင်ကို
မငြိမ်း....
သူမဆီသို့ လွင့်စင်သွားသော နွေ
သူမဆီသို့ လွင့်စင်သွားသော နွေ
လေစိမ်းတွေတိုက်တိုင်း
အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း
ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ
တမ်းတမ်းတတစွဲလမ်းမိတယ် ။
တောင်တန်းတွေတောင်အသက်မရှိပဲ
တန်ပြန်ပဲ့တင်သံ ရှိသေးတာပဲ
နှလုံးသားရှိတဲ့သူတစ်ယောက်ဆီက
တန်ပြန်ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။
နွေပျိုရဲ့ည
ကောင်းကင်ဝင်းရိုးစွန်းတန်းကို ကြည့်ရင်း
စိတ်ကူးနဲ့ပျော်အိပ်မက်နဲ့ လွမ်း
နင့်ပုံရိပ်တွေတမ်းတရင်း
လရောင်ချည်တိုင်အောက်က
ပြေးမထွက်နိုင်တဲ့ကြယ်လေးလို
နင်ငါ့ကို ဖမ်းစားခဲ့ပေါ့
ကောင်မလေးရယ်။
အနေဝေးရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့အတူ
နင့်ရဲ့ အတိတ်မှာ
ငါမကျန်ခဲ့ပါရစေနဲ့
နင့်မျက်နှာ ၀င်းပပလေး
ငါ ငေးကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။
လင်းခေတ်ဒီနို ( 6.6.12 )
နွေ ကဗျာစပ်​ ၂
အိုအေစစ်ရင်ခွင်ထက်က
ခရေတပွင့် ကြွေလွင့်သွားချိန်
နွေဥသြ တေးသံကမချို....
ပုဇင်းတို့ရဲ့
ရင်ကွဲည သံစဉ်တွေက ခပ်အအ
ကန္တာရ အခန်းကျဉ်းလေးထဲမှ
အကြင်နာမီးအိမ်က မှုံပြပြ
ဒိုင်ယာရီ တအုပ်က ကြေမွမွ....
အာကာသ ကြယ်တွေက
ဟိုတပျောက်..ဒီတပျောက်
လမင်းမျက်ရည်ကလည်း
ဟိုတပေါက်...ဒီတပေါက်....
ဝိုင်နီ ချိုချိုတခွက်နဲ့ရေးတဲ့
အသဲကွဲ ပန်းချီကားတချပ်
နွေနေပူမှာ တခန်းရပ်သွားတဲ့
ဒီပြဇာတ်....
သြော်...
နောက်ဆုံးတော့လည်း
သူ့ဆီက
မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
ကြင်နာခြင်းဆိုတာ
ငါ့အတွက်တော့
နာကျင်ခြင်းတွေပါပဲလား....။
နွေ ကဗျာစပ်
နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့
နွေ.....
လေရူးစေတဲ့ နွေ
ညွန့်ဖူးဝေတဲ့ နွေ
ပွင့်ဦးခြွေတဲ့ နွေ ..... ။
သည်နွေထဲမှာမှ ကိုယ့်မေတ္တာပန်းတစ်ပွင့်က
ပွင့်လန်းကြိုင်ဝေ.....။
ပွင့်ဖူးရယ်ဝေမှ
လေရူးကိုစေ
ရာသီရင့်လေတော့...
နွေမူး မူးလို့လား
လေရူးမြူးလို့လား
ကိုယ့်ပွင့်ဦးကပဲ
ရင်ထဲမှာ ညှာတံလှစ်
ကြွေသက်ခဲ့လေသလား
နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့
(မေရယ်) ကြွေခဲ့ပါပေါ့.......။ ။
Friday, March 25, 2016
ပအိုဝ်းတို့ရဲ့ ယဉ်​​ကျေးမှု
  • ကျွန်တော်တို့ပအိုဝ်းလူမျိုးများသည်ဘာသာတရားကိုအလွန်ကိုင်းရှိုင်းကြသည်။စိတ်ထားလည်းဖြူစင်ကြသည်။စေတနာလည်းအလွန်ကောင်းမွန်ကြသည်။ကျွန်တော်တို့ပအိုဝ်းဒေသရှိတောင်ကုန်းတောင်တန်းများပေါ်တွင်ဘုရားတစ်ဆူ(သို့)တစ်ဆူကိုတွေ့မြင်ကြရမည်တော့အမှန်ပင်ဖြစ်သည်။ပအိုဝ်းလူမျိုးများသည်အိမ်တစ်အိမ်သို့သွားလည်ပြီဆိုလျှင်လည်းဦးစွာထိုင်ပြီးစကားပြောလေ့မရှိဘဲပထမဦးဆုံးဘုရားစင်ရှေ့သို့သွားပြီးဘုရားရှိခိုးပြီးမှသာလျှင်ထိုင်ပြီးစကားပြောလေ့ရှိကြသည်။စကားပြောဆိုရာတွင်ရေနွေးကြမ်းမပါမဖြစ်အမြဲတမ်းပါဝင်လေ့ရှိပြီးရေနွေးကြမ်းကိုသောက်သုံး၍စကားပြောဆိုလေ့ရှိကြသည်။ပအိုဝ်းလူမျိုးများသည်ရေနွေးကြမ်းကိုလူကြီး|ကလေးမရွေးအလွန်ကြိုက်နှစ်သက်ကြသည်။ရေနွေးကြမ်းမကြိုက်သောပအိုဝ်းလူမျိုးများသည်မရှိသလောက်အလွန်ရှားပါးသည်။
    1. သီတင်းကျွတ်|သင်္ကြန်တွင်ပအိုဝ်းလူမျိုးများသည်ရွာထဲရှိအဖိုး|အဖွားများကိုကန်တော့ဖွယ်ရာပစ္စည်းများဖြင့်လိုက်လံ၍ရှိခိုးကန်တော့ကြသည်။အဖိုး|အဖွားများကလာရောက်ကန်တော့သောလူများအားရေနွေးကြမ်း|လက်ဖက်သုတ်|ကျင်းသုတ်|သကြားလုံးများဖြင့်ဧည့်ခံပြီးထမင်းနှင့်ဟင်းများကိုဧည့်ခံကြသည်။အိမ်တိုင်းအများစုသည်ဟင်းကိုဝက်သားနှင့်မျှစ်ချဉ်ရည်ဟင်း|သရက်သီးသုတ်|ငါးမုန့်ကြော်တို့ဖြင့်ကျွေးမွေးဧည့်ခံကြသည်။သီတင်းကျွတ်|သင်္ကြန်တွင်ပအိုဝ်းလူမျိုးများသည်ဆွမ်းတော်ကပ်ရန်အတွက်မနက်တွင်အစောကြီးထ၍ဆွမ်းတော်များကိုပြင်ဆင်ကြသည်။သင်္ကြန်တွင်အိမ်တိုင်းမုန့်ဆီကြော်ကြော်လေ့ရှိသည်။ဘုန်းကြီးကျောင်းတက်ရာတွင်အခြားရွာရှိဘုန်းကြီးကျောင်းသို့သွားရောက်တက်ကြပြီးထိုရွာရှိတာဝန်ကျသောရွာအဖွဲ့ကထမင်းဟင်းဖြင့်ဧည့်ခံကြသည်။တစ်နေ့တွင်အခြားရွာမှဘုန်းကြီးကျောင်း(၃)ကျောင်းတက်ကြပြီးသုံးရက်တက်ကြသည်။သီတင်းကျွတ်|သင်္ကြန်|လပြည့်လကွယ်နေ့များတွင်အဖိုးအဖွားများသည်ညဘက်တွင်ဘုန်းကြီးကျောင်း၌သွားအိပ်ကြသည်။ဘာသာတရားကိုအများနှင့်မတူအောင်ကိုင်းရှိုင်းကြသည်။
    2. I LOVE PAOH
    3. အမှားပါလျှင်ကျေးဇူးပြု၍်ခွင့်လွတ်ပေးပါရန်
    4.                                              K.N.L(N.P)
    ခွေးတောက်ရွက် အသုံးဝင်ပုံ
    အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက် ၍ ပျောက်၏။
    ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။
    အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါ များ ပျောက်၏။
    ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။
     ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။
    ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။ ခွေးတောက်မြစ် ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
    Credit to lyhealthcare
    ဒီ ကမ္ဘာမှာ နားလည်​မှုအလိုဆုံးပါ ချစ်​သူ
    ပိုက်ဆံ ရှိဖို့ မလိုဘူး
    အတူတူ ကြိုးစားလို့ ဖြစ်တယ်...........
    နောက်တွန့်နေစရာမလိုဘူး
    အတူတူ ရင်ဆိုင်လို့ ရတယ်.....
    ရုပ်ချောဖို့ မလိုဘူး
    သစ္စာရှိဖို့ ပဲ လိုတယ်............
    အားငယ်နေစရာမလိုဘူး
    အတူတူ မျှဝေခံစားမယ်.............
    သိပ်ချစ်ကျတဲ့  ချစ်သူတွေဆိုတာ.........
    ဘယ်လိုပြသနာတွေနဲ့ ပဲ တွေ့ကြုံတွေ့ကြုံ
    အနည်းဆုံးတော့ 
    လက်တွဲမဖြုတ်ခဲ့ နိုင်တာမျိုးပေါ့.............
    အရောင်ဆိုးထားတဲ့ အချစ်တွေထက်
    ပကတိအခြေအနေတစ်ခုလေးအပေါ်
    နားလည် လက်သင့်ခံနိုင်တဲ့ ချစ်သူမျိုးကို ပိုတန်ဖိုးထားမိတယ်.....
    ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို လက်တွဲဖို့ ဆိုတာ
    ဘာဆိုဘာမှမလိုဘူး
    တကယ်ချစ်ဖို့ ပဲလိုတယ်မဟုတ်လား........................
    @Nam Kyan Li Scho
    အားနာလိုက်တာ အဖေ"(ဖတ်ကြည့်ပါ...ရင်ထဲအရမ်းထိတယ် cry emoticon )
    ✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
    တေးသီချင်းတွေ အများစုကလည်း
    အမေ့ မေတ္တာဘွဲ့
    တေးတွေ ကဗျာဆရာ အများစုကလည်း
    အမေ့ မေတ္တာဘွဲ့ တွေရေးလို့
    online ပေါ်က ပုံအများကလည်း
    အမေ့ မေတ္တာကို တင်စားကြတယ် အားနာလိုက်တာ အဖေရယ်...........။
    အမေ သားကို နို့ချို တိုက်ကျွေးသလ
ို အဖေက ပုခုံးပေါ် ထမ်းပိုးပေးခဲ့တာ
    အမေ သားကို ထမင်းကျွေးဖို့အတွက်
    အဖေက ဆန်အိုးထဲ ဆန်ဖြည့်ပေးခဲ့တာ
    အမေ သားကို ကျောင်းပို့ပေးခဲ့သလို
    အဖေက ပညာသင်ဖို့ ငွေရှာပေးခဲ့တာ
    ဒါပေမယ့်...
    အဖေ့ မေတ္တာတရားကို ဖော်ကြူးကြတာ ရှားပါးတယ်....
    သနားလိုက်တာ အဖေရယ်...................။
    သား... သမီး ဆိုတဲ့အတွေး အိမ်ထောင်တစ်ခုအတွက် စီးပွားရေးနဲ့ မကောင်းမှန်း သိလျှက်နဲ့ လုပ် ထောင်ထဲမှာလည်း ငုတ်တုပ်
    အဖေတွေက ဒု နဲ့ ဒေး...........။
    နေပူပူမှာ ကုန်ထမ်းရင်း
    လမ်းကြို လမ်းကြား
    ဆိုက်ကားနင်းနေရတဲ့ အဖေတွေ ကြည့်တတ်ကြပါလေ....။
    သူများနိုင်ငံမှာ ကျွန်သဘောထား
    ရွယ်တူ(သို့) ငယ်သူက ခိုင်းစားခံနေရတဲ့ အဖေတွေ မြင်တတ်ကြပါစေ......။
    နေပူမရှောင် မိုးရွာမရှာင်မှာ စီးပွားကို ရှာနေကြတဲ့ အဖေ့ရဲ့ ကျောပြင်ကို ကတ္တရာလမ်း ခပ်မဲမဲ တွေကတောင် ဟားတိုက်လို့ လှောင်ရီနေကြပေါ့
    မိသားစု ကောင်းစားဖို့ အရေး အဖေ့ကို လောဘတွေ ကြီးတတ်အောင် ဘယ်သူတွေ သင်ပေးခဲ့သလဲ တွေးတတ်ကြပါစေ (သား..သမီးတွေပဲ အဖေ )...............။
    အဖေက စေတနာနဲ့ ရိုက်တဲ့ ဒုတ်တစ်ချက် သား ကိုယ်ပေါ်မှာ သွေးထွက်ခဲ့သလား အမေက ပြေးဖက်ထားလည်း
    အဖေက မျက်နှာလွှဲ ဘေးထွက်သွားတယ် ဒါပေမယ့်...
    ရင်ထဲမှာ အသဲခိုက်အောင်တော့
    အဖေ နာခဲ့မှာပါ...............။
    ဆန္ဒ အသွေးအသား အတွက်
    အဖေတွေ ဖောက်ပြားသတဲ့လို့ ပြောကြရင်
    ဆန္ဒ အသွေးအသားအတွက် မိုက်မှားခဲ့တဲ့ အမေတွေကလည်း တပုံတပင်..............။
    အဖေဟာ အဖေပဲ
    အမေဟာ အမေပဲ
    အဖေ့ နေရာ ရောက်မှ အဖေ့ မေတ္တာကို ကိုယ်ချင်းစာတတ် ကြမှာလား....?
    "တွေး" ကြပါ အဖေ့အကြောင်း
    "ဆို" ကြပါ အဖေ့အကြောင်း
    "ရေး" ကြပါ အဖေ့အကြောင်း
    အဖေ့ အချစ်နဲ့ ငါတို့လည်း လူဖြစ်ခဲ့ကြတာပါ သူငယ်ချင်း တစ်ဖက်သတ် ဆန်တဲ့ အမေ့ရဲ့ မေတ္တာဘွဲ့ တွေကို တွေ့နေသမျှ အဖေ့ကို သနားတတ်ကြမယ် ဆိုရင်ပေါ့...........
    ပြန်လည်မျှဝေပါသည်!!
    Credit-ဆရာကြီးများ၏ အတွေးလက်ဆောင်
    ❣❄❦ပိုးလေး(NMN)❄❦
    Thursday, March 24, 2016
    ရည်းစား လွှဲနည်း
    'သင့် ရည်းစားနဲ့ပြတ်ခဲ့ရင်'
    -----------------
    unfri မလုပ်နဲ့ 
    block စရာလည်းမလိုဘူး 
    unfollow လည်းစိတ်မကူးနဲ့ 
    အသဲကွဲကြောင်းမတင်နဲ့ 
    လွမ်းတာလည်းမရေးနဲ့ 
    သူနဲ့ပက်သက်တာ ဘာဆိုဘာမှလွမ်းမပြနဲ့ 
    အရင်ကထက် ပိုပြီးဖက်ရှင်ကျကျဝတ်ပါ 
    အရင်ကထက် ပုံတွေပိုတင်ပါ 
    အပြင်ကို သူငယ်ချင်းတွေနဲ့ခဏခဏသွားပါ 
    ဘယ်နေရာရောက်ရောက် 
    location တင်ပါ 
    feeling မှာ အရမ်းပျော်တယ်လို့ရေးပါ 
    သူမရှိလည်း သင်ပျော်အောင်နေနိုင်တယ်ဆိုတာ
    သူသိလာတဲ့အခါ 
    သင့်ကိုလမ်းခွဲလိုက်ရတာကို သူ နောင်တရနေမှာပါ 
    သူနဲ့ပြတ်ပြီးတဲ့နောက်ပိုင်း 
    သင် အရင်ကထက်ပိုလှလာအောင်ဝတ်စားနေထိုင်ခြင်းအားဖြင့် 
    သူ့ဘက်က သင့်ကို 
    နှမြောတသဖြစ်ပြီး သင့်ကို သူလွမ်းနေရမှာပါ 
    ရည်းစားနဲ့ပြတ်သွားပြီဆိုရင် 
    စိတ်ညစ်ပြီးမျက်ရည်ကျမနေပါနဲ့ 
    အချစ်ဦးနဲ့ပြတ်သွားခြင်းသည် 
    အချစ်ဆုံးနဲ့တွေ့ဖို့ လမ်းလွှဲပေးခြင်းဖြစ်ပါသည် ..!
    Wednesday, March 23, 2016
    ကျ​နော်​​ကြေကွဲတိုင်း သီချင်းနဲ့အမြဲ​ဖြေသိမ့်​ခဲ့တယ်
        ပထမ​နေရာမှာ​တော့ 
         အချစ်​ဆုံး​လေးက​တော့ ခွဲ​နေရတာ ၄နှစ်​လုံးလုံး 
         အရမ်း​တွေ့ချင်​မိတယ်​ ရုပ်​မပြခဲ့ဘူးငါ့​အ​ပေါ်ကို    
         အရမ်းသူစိမ်းဆန်​လွန်းတယ်
          ဒါ​ပေမဲ့ ကျ​နော်​က ဘဝသမား​ပေါ့
           အမြဲ​ပေးဆပ်​ဖို့ကြိုးစားခဲ့သူပါ 
            သူ​ကျေနပ်​ဖို့အမြဲပြုံးခဲ့တယ်
    Tuesday, March 22, 2016
    သတိရခြင်းဆိုတာ
    သတိရခြင်းဆိုတာ
    ဆက်နေကျအချိန်မှာ
    ဖုန်းနံပါတ်တွေ ယောင်ယောင်ပြီးနှိပ်မိတာမျိုး
    သတိရခြင်းဆိုတာ
    ကြားနေကျအချိန်တွေမှာ
    ဖုန်းကိုယောင်ယောင်ပြီးကိုင်မိတာမျိုး
    သတိရခြင်းဆိုတာ
    သောက်နေကျကော်ဖီချိန်တွေမှာ
    ယောင်ယောင်ပြီးသွားထိုင်တတ်တာမျိုး
    သတိရခြင်းဆိုတာ
    ကြည်နူးပျော်ရွှင်နေချိန်တွေကိုတွေးမိပြီး
    တယောက်တည်းပြုံးမိတတ်တာမျိုး
    သတိရခြင်းဆိုတာ
    သူ့ကိုစိတ်အလိုမကျဖြစ်ချိန်တွေတွေးမိပြီး
    နှုတ်ခမ်းကိုမဲ့မိတတ်တာမျိုး
    သတိရခြင်းဆိုတာ
    သွားနေကျလမ်းတွေကို
    တယောက်တည်းယောင်ယောင်ပြီး
    ခြေဦးလှည့်တတ်တာမျိုး
    သတိရခြင်းဆိုတာ
    တကယ်တော့
    ကိုယ်ပစ္စ္စုပ္ပန်နဲ့ကင်းလွတ်ပြီး
    သူ့အနားကို ရောက်သွားမိခြင်းမျိုးပါ
    သတိရခြင်းဆိုတာ
    စကားသံတွေတိတ်ဆိတ်သွားလောက်သည်အထိ သူ့ကိုတောင့်တမိတာမျိုး
    Monday, March 21, 2016
    ချစ်​သူ ကဗျာ
    စိတ်မရှိနဲ့ .. .. .. 
    နှလုံးသွေးနဲ့ ရေးတဲ့
    နင် မပါတဲ့ သမိုင်းတစ်ခု 
    ငါ ပြုစုတော့မယ် .. 
    ကျေးဇူးပြုပီး ထုတ်ဝေခွင့်ပေးစေချင်တယ်
    ဝဋ်​​ကြွေးလား....
    ဝဋ်ကြွေးလား
    ...
    ဝမ်းနည်းပြီး သူ့အတွက် အပြုံးမပျက်ခဲ့တဲ့နေ့စွဲတွေက... 
    ဝဋ်ကြွေးလား ...
    သူပျော်ရင် ကျေနပ် နိုင်ပါတယ်ဆိုတာက... ဝဋ်ကြွေးလား 
    သူဘေးမသီရန်မခ ပါစေနဲ့ဆိုပြီး ဘုရားမှာဆုတောင်းနေရတာတွေက... ဝဋ်ကြွေးလား
     အသက်လောက်တန်ဖိုးထားပေမယ့် ငါဆိုတာသူ့ဘဝထဲမှာ မရှိဘူးဆိုတာတွေက... ဝဋ်ကြွေးလား အသက်လောက်ချစ်ခဲ့ပေမယ့် လှည့်ကြည့်မခံရတဲ့ လျစ်လှူရှူ မှုတွေက... 
     အချိန်ဆိုတဲ့ သမားတော်ကိုစောင့်ရင်း အလွမ်းတွေ တခမ်းတနားနဲ့ နေနေ မိတာတွေ အကုန် လုံးက ဝဋ်ကြွေးတွေတဲ့လားး.... ကျေနပ်ပါတယ်...
    ဝဋ်ကြွေးဆိုရင်တောင် ငါ တယုတယနဲ့ ထွေးပိုက်ထားချင်လို့ပါ... 
    ဆိုင်ခွင့် ပိုင်ခွင့် ဘာအခွင့်မှ မရလည်း အပြုံးတစ်ခုနဲ့ပဲ ကမ္ဘာတည်တော့မယ်... 
    ငါချစ်တဲ့ကောင်မလေး တခြားအရပ်မှာပျော်ပါစေ... 
    ငါ့ဆုတောင်းသံတွေ ကမ္ဘာတည်ပါစေ.. 
    နင့်ရဲ့ပျော်ရွှင်မှုတွေ..ထာဝရတည်တံ့ပါစေ... 
    Sunday, March 20, 2016
    ၂၀၁၁ ​ကောင်​​မ​လေး To ၂၀၁၆ March 20 10း50
    မထင်​မှတ်​တဲ့ ချစ်​သူဖြစ်​ခဲ့တာ​တွေ
    ချစ်​သူ အချိန်​အကြာကြီး ခွဲ​နေရတဲ့ နှစ်​​ဟောင်း ​တွေ
    ကမ္ဘာလဆန်းလို့ ရင်​မှာပူ​ဆွေး​နေရပြီ 
    ခု​တော့ ​ပြောင်းလိုက်​ပြီလား
    ထားပါ​တော့ ငါ့ထက်​တာတဲ့လူ​တော်​​တွေ အများအပြား ရှိပါတယ်
    ငါညံ့တယ်​ ငါမ​တော်​ဘူးမိန်းခ​လေး
    မင်း​ရှေ့မှာမျက်​နှာချင်း ရင်​မဆိုင်​ရဲ​တော့ဘူး
    ကြယ်​​တွေ​ကြွေတိုင်းဆု​တောင်းခဲ့တယ်
    ဘယ်​​လောက်​ပဲချစ်​ခဲ့ချစ်​ခဲ့ တစ်​​နေ့​နေ့ငါပဲကျန်​ခဲ့မှာပါ 
    ချစ်​သူ♥ ♥ 
    Thursday, February 11, 2016
    မွေးကင်းစမှ (၆)လအထိ ကလေးငယ်များကို မိခင်နို့ရည်တစ်မျိုးတည်း တိုက်ကျွေးရမည်ဆိုတာ မိခင်တိုင်း သိကြနေပြီဖြစ်သော်ငြာလည်း  ကျွန်တော်တို့ ပအိုဝ်းလူမျိုး အများစုဟာ မသိကြသေးပါ။ သိကြသော်လည်း နည်းစနစ်အတိုင်းလိုက်နာမှုမရှိပါ။ အဘယ်ကြောင့်ဆိုသော် ရှေးရိုးအစဉ်အလာများ၊ အစွဲများ ရှိနေသေးကြောင့်ဖြစ်သည်။ အဘယ်ကြောင့် မွေးကင်းစမှ (၆)လအထိ ကလေးငယ်များ မိခင်နို့ရည် တစ်မျိုးတည်း တိုက်ကျွေးသင့်ပါသလဲ။ နည်းစနစ်ဖြင့် တိုက်ကျွေးပါက မည်သို့ အကျိုးကျေးဇူးများ ရရှိမည်နည်း။ နည်းစနစ်ဖြင့် မတိုက်ကျွေးဘဲ ရေနှင့်ဖြည့်စွက်တိုက်ကျွေးခြင်းဖြင့် မည်သို့အန္တရာယ် တိုးပွား လာမည်နည်း။ ထိုကြောင့် ဖတ်မိသမျှ ပြန်လည် မျှဝေစေချင်ပါတယ်။ မွေးကင်းစမှ (၆)လမတိုင်မီ ကလေးငယ်များ ကို ရေနှင့် ဖြည့်စွက်အစာတိုက်ကျွေးခြင်းသည် အထူးသဖြင့် ရောဂါဖြစ်စေသောအရာမှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်စေနိုင်သည့် ပိုးမွှားများကို သယ်ဆောင်လာတတ်ပါသည်။ ရေကိုဖြစ်စေ၊ အခြား အရည်များကို ဖြစ်စေ ၊ အနည်းအပါးမျှသာ သောက်သုံးခြင်းကြောင့် မွေးကင်းစကလေးငယ်၏ ဗိုက်ကို ပြည့်သွားစေကာ အာဟာရဓါတ် အပြည့်ပါဝင်သော မိခင်နို့အား စို့ချင်စိတ်ကို လျော့ပါးသွားစေနိုင်ပါသည်။ ကလေး၏ အာဟာရပြည့်ဝမှုအပေါ်တွင် ဆိုးကျိုးများ သက်ရောက်စေနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနအရ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများနှင့်တကွ အာဟာရဓါတ်မပါဝင်သော အရည်များအား စောစီးစွာ ဖြည့်စွက်တိုက်ကျွေးခြင်းကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှု အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ မွေးကင်းစ ကလေးငယ်တစ်ဦး အား မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းထက် ရေ၊လက်ဖက်ရည်နှင့် ဆေးဖက်ဝင် အပင်တို့ဖြင့် ဖော်စပ် ထားသော အရည်များအား မိခင်နို့အပြင် ထပ်မံတိုက်ကျွေးခြင်းက ကလေးငယ်၏ အသက်အရွယ်ပေါ်တွင်မူ တည်ပြီး ၀မ်းပျက်ဝမ်းလျှောရောဂါကို နှစ်ဆ၊ သုံးဆလောက် ပိုမိုခံစားရနိုင်ဖွယ် ရှိပါသည်။ ထို့ပြင် မွေးကင်းစမှ (၆)လအထိ မိခင်နို့တိုက်ကျွေးခြင်းနှင့် (၆)လမတိုင်မိ ရေနှင့် ဖြည့်စွက်အစာတိုက်ကျွေး ခြင်းဖြင့် ဥာဏ်ရည်ကွာခြားမှုများ သိသာထင်ခြားစေပါသည်။ ထိုကြောင့်လည်း ကျွန်တော်တို့ ပအိုဝ်းများသည် မွေးကင်းစမှ(၆)လမတိုင်မီ ကလေးငယ်များကို (၃)လ၊(၃)လကျော်ပြီဆိုရင်  ရေနှင့် ဖြည့်စွက်အစာများ တိုက်ကျွေး နေကြသည်ကို တွေ့မြင်ရပါသည်။ 
    မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်အတွက် ရနိုင်သော အကျိုးကျေးဇူးများမှာ မွေးကင်းစမှ မိခင်နို့ဦးရည်သည် ကလေးငယ်၏ ပထမဦးဆုံးရရှိသော ရောဂါကာကွယ်ဆေး ဖြစ်ပါသည်။ အခြားဖန်တီးပြုလုပ်နိုင်သော မည်သည့်အရာနှင့်မျှ မတူဘဲ မိခင်နို့တစ်မျိုးတည်းတွင်သာ ရောဂါများကို ကာကွယ်နိုင်သော ဂုဏ်သတ္တိများသည် နို့ဦးရည်တွင် ရာခိုင်နှုန်းအများဆုံးပါဝင်သည်။ ကလေးသည် မွေးကာစတွင် ရောဂါခုခံကာကွယ်မှု အင်အားဓါတ် အထူးနည်းပါးစွာ မွေးဖွားလာပါသည်။ ထိုကြောင့် မိခင်နို့ တိုက်မှသာလျှင် ကလေးအတွက် ၀င်ရောက်လာတတ်သော (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး) စသည်တို့ကြောင့် ဖြစ်တတ်သော ရောဂါများခံနိုင်ရည်ရှိပါမည်။ အထူးသဖြင့် (၆)လအောက် ကလေးများသည် လတ်တလော အသက်ရူလမ်းကြောင်း၌ ဖြစ်တတ်သောရောဂါများနှင့် ၀မ်းလျောရောဂါ များကြောင့် အသက်ဆုံးရှုံး ရတတ်ပါသည်။ မိခင်နို့သည် သာလျှင် ၄င်းရောဂါ(၂)မျိုးကို ကာကွယ်နိုင်ရုံ မျှမက နားပြည်ယိုခြင်းကဲ့သို့ အခြားကူးစက်ရောဂါ များကိုလည်း ကာကွယ်ပေးပါသည်။
    မိခင်နို့တိုက်ကျွေးခြင်းဖြင့် အသက်(၆)လအထိ ကလေးတစ်ဦးအတွက် အာဟာရစံနှုန်းပြည့်ဝခြင်း သည် မိခင်နို့ရည် တစ်မျိုးတည်းနှင့် ကလေးအသက်(၆)လအထိ မည်သည့် ရေအစာမျှ ကျွေးရန်မလိုဘဲ စံနှုန်းပြည့် အစာအဟာရတစ်ခုအဖြစ် ကျင့်သုံးနိုင်ပါသည်။ ကလေးကြီးထွားစေရန် အင်အားအပြည့်အ၀ ပါရှိသည့်အပြင် ပရိုတင်းဓါတ်၊ ဗီတာမင်ဓါတ်နှင့် ရေလည်း အချိုးအစားမျှတစွာ ပါဝင်သဖြင့် အစာကြေ လွယ်ရုံသာမကဘဲ ပုံမှန်ကြီးထွားမှုကို ဖြစ်စေပြီး အာဟာရချို့တဲ့မှု ရောဂါကို ကာကွယ်ပေးပါမည်။ မိခင်နို့စို့ ရသော ကလေးတွင် ပန်းနာရင်ကျပ်၊ နှင်းခူနှင့် အခြားအစာနှင့် မတည့်၍ ဖြစ်သော ယားယံမှုမျိုး မဖြစ်တတ် ပါ။ နို့ဗူးစို့သော ကလေးတွင်သာ နို့နှင့်မတည့်၍ အဆိုပါရောဂါများဖြစ်တတ်ပါသည်။ 
    ကလေးသည် မိခင်ရင်ခွင်အတွင်း၌ နို့စို့ရခြင်းကြောင့် မိခင်နှင့် အတွေ့အထိများခြင်း သံယောဇဉ် ပိုတွယ်ခြင်း၊ လုံခြုံမှုပိုရခြင်းစသော အကျိုးတရားများကို ရရှိစေပါသည်။ သုတေသနပြုချက်များအရ မိခင်နို့စို့ရသော ကလေးများသည် နို့မှုန့်ရရှိသော ကလေးများထက် ဥာဏ်ရည်ပိုကောင်းသည်ကို လေ့လာ တွေ့ရှိရပါသည်။ ထိုကြောင့် ရှေးရိုးအစဉ်အလာများ၊အစွဲများ ဖယ်ရှားပြီး မိမိကလေးငယ်များ မွေးစမှ(၆)လအထိ မိခင်နို့တစ်မျိုးတည်းဖြင့် (ရေလုံးဝ)မတိုက်ကျွေးပေးပါရန် ဖော်ပြလိုက်ပါသည်။ 
    (ကိုးကားချက်-မိခင်နို့တစ်မျိုးတည်း စနစ်တကျတိုက်ကျွေးရေး ရပ်ရွာအခြေပြု ထိရောက်စွာ ဆက်သွယ်ပညာပေးခြင်း အလုပ်ရုံဆွေးနွေးပွဲ သင်တန်းသားလက်စွဲစာအုပ်/Unicef  )
    Thursday, January 21, 2016
    Bagan keyboard သုံးချင်​သူများအတွက်
    Bagan keyboard  apk
    မြန်​မာကီးဘုတ်
    အ​ဆင်​​ပြေပါ​စေ
    Wednesday, January 20, 2016
    ဘိန်းရှုခင်းပုံများ
    ဘိန်းပင်​များ အလှ
    စွဲလမ်းချင်းမဟုတ်​ပါ
    လှပလို့
    လာ​ရောက်​ကြည့်​ရှူခဲ့
    Wednesday, January 13, 2016
    လွမ်းစရာနေ့ရက်တွေချည်းပါလား
    ထုထည်နဲ့အတုံးအခဲတွေ
    ပစ်ထည့်ခံရ။
    ကိုယ်ကိုဆယ်ခဲ့ရတာ နှစ်ပေါင်းသုံးဆယ်
    တခက်တခဲကြီးပါ
    ရာသီဆိုးသွမ်း လမ်းမကြီးပါလား
    ရာသီသစ် ပန်းသစ်တဝေဝေ
    ငါတို့တစ်တွေလမ်းမှာ
    ဇလပ် ခတ္တာ
    အင်ကြင်းဝါနီ
    တော်ဝင်ပိတောက်
    ပေါက်ပွင့်နီနီရဲရဲ
    နွေကိုသောက်ကြပြီး
    အသည်းအေးမြကြ
    သူငယ်ချင်း “ဖော်ဝေး” ရေ
    အိုခဲလှ နာခဲ့ကြ ဘုရားတိုင်အလွမ်းတွေနဲ့
    ဘဝဟာ ပြေးလမ်းဖြစ်ပြီး
    လောကကြီးဟာ
    အမောပြေသောက်ဖို့ ရေတစ်ပေါက်လောက်ပါ
    သန္တိသုခလေပြည်
    နေမဝင်ခဲ့ပါဘူးအမေ။
    အမေရယ်
    လောကကြီးက သားရဲ့တံခါးကိုဖွင့်မပေးခဲ့ဘူး
    ရနံ့မွှေးပြီး
    အပွင့်ဝေကြွေတဲ့ ခရေပင်မြစ်ကမ်းပါးလေးမှာ
    ထိုင်ခဲ့ရတာလည်း နှစ်သုံးဆယ်ပါ
    အမေရယ်
    ကျွန်တော့်ရဲ့ နှစ်သုံးဆယ်ဟာလည်း
    အရှုံးတွေချည်းပါပဲ
    ကျွန်တော် ရောက်အောင်သွားခဲ့ပါတယ်အမေ
    ဖြစ်ပြီးသားအပြစ်တွေ
    ပျောက်ပျက်လွန်းခဲ့
    အမှန်ကိုဖန်တီးခဲ့ပေမယ့်လည်း
    ကမ္ဘာကြီးမှာ ဘာမှလည်းလွမ်းစရာမရှိတော့ပါဘူး
    တကယ်တော့လည်း ဟုတ်ပါတယ်
    ဘဝဆိုတာ လေထဲကဖုန်မှုန့်လေးပါပဲ
    ခုတော့..
    အခွံကဖီးမှာ
    အမေ့သားဟာ
    မိုက်လုံးကြီးကြီးသစ်သီးတွေ ဝေဝေဆာဆာသီးလို့။
    Wednesday, January 6, 2016
    ဘာလို့များကိုယ့်​ကိုယ်​ကိုသက်​​သေချင်​ရသလဲ ညီမငယ်
    - ဘယ်လိုကွဲ့  သေချင်သတဲ့လား -- ဘ၀ဆိုတာ နာရီပေါင်းဘယ်လောက်ရှိသလဲ မင်းသိသလား ညီမငယ် -- သေရုံနဲ့ သာအေး ချမ်းရကြေးဆို ငါ - လူတောင်မဖြစ်ချင်တော့ဘူး။
    - ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့အရှုံးပေါင်းများစွာဆီကနေ ရင်မဆိုင်နိုင် လို့ ရှောင် တိမ်းခြင်းသာဖြစ်တယ် ။ ယောင်္ကျားတစ်ယောက်နဲ့လက်မထပ်လိုက်ရလို့ အဆိုးရွားဆုံးခံစားမှု ဆို ပါတော့
    ၁ ။ အရှက်တကွဲအကျိုးနည်းဖြစ်ခြင်း
    ၂ ။ အသိုင်းအ၀ိုင်းအလယ် မျက်နှာမဖော်လိုခြင်း
    ၃ ။ ယူကြုံးမရခြင်း
    ၄ ။ ပူလောင်သောကများခြင်း
    ၅ ။ စိတ်ဓါတ်ကျခြင်း
    အဲဒီငါးချက်ကို ရင်မဆိုင်နိုင်လို့ ရင်မဆိုင်ရဲလို့ အသက်တစ်ခု ချုပ်ငြိမ်းအောင်ကြိုးစားတာ သူရဲဘောကြောင် သူတို့ လုပ်ရပ်သာဖြစ်တယ်ညီမငယ် ။
    - ဘ၀ ရဲ့ တန်ဖိုး ဘ၀ရဲ့ အဆုံးသတ်ဆိုတာ သေခြင်းတရားလို့ပြောတာဟာ ခပ်ညံ့ညံ့လူတွေရဲ့ အတွေး အခေါ်ဖြစ်တယ် ။ ဘ၀ရဲ့ တန်ဖိုး ဆိုတာ ကိုယ်ဘ၀တစ်လျှောက်လုံးဘယ်လောက်ထိ တန်ဖိုးရှိရှိနေလာသလဲ ဘယ်လောက်ထိတောင် လူ့လောကအကျိုးသယ်ပိုးလို့ လူပီသစွာ နေနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး တိုင်းတာ တယ် ။ ဘ၀ရဲ့အဆုံးသတ်ဆိုတာ သေခြင်းတရားဆိုတာထက် ပိုနက်ရှိုင်းတယ်ညီမငယ် ။
    - မင်းသေသွားယုံနဲ့ မင်းဘ၀ ငြိမ်းချမ်းသွားမယ်လို့ မင်းအာမခံနိုင်ပါသလား ။ မင်းမှာ ဆက်လျှောက်ရမယ့် သံသရာ ခရီးရှည်ကြီးရှိသေးတယ် ။ ဖြတ်သန်း၇မယ့် ဘ၀ပေါင်းများစွာ ရှိသေးတယ် ။ ပေးဆပ်ရမယ့် ၀ဋ်ကြွေးတွေရှိသေးတယ် ။ ကြောက်ဖို့ကောင်းတယ်လို့မင်းမထင်မိဘူးလား ညီမငယ် ။
    - သာသနာနဲ့ကြုံတွေ့ရချိန် လူ့ဘ၀မှာ မင်း တန်ဖိုးရှိတဲ့အ နှစ်သာရနဲ့တရားဓမ္မကို မယူဆောင်နိုင်ရင် မင်းဟာ လူဖြစ်ရှုံးကြီး ရှုံးသူသာဖြစ်တယ် ။ ငယ်ငယ်တုန်းက ကိုယ်ကဗျာ စာကြောင်းလေးတွေရွတ်ပြချင်တယ် ။ “ ခွင့်သာ ခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင်ရှိသေးရဲ့လား ” ဆိုသလိုပေါ့ လူ့ဘ၀ဆိုတဲ့ မြင့်မြတ်တဲ့ လူသားဘ၀ ကို ပိုင်ဆိုင်နေပြီးကာမှ ဘာကြောင့်များ စိတ်ခံစားမှုတစ်ခု ၊ အချစ်အမုန်း ပူလောင်သောကတွေနဲ့အချိန်ကုန်ခံပြီး ဘ၀ရဲ့ အနှစ်သာရကိုမေ့လျော့နေရသလဲ ညီမငယ် ။
    - သေခြင်းတရားဆိုတာ မင်းထင်နေသလို အဆုံးသတ်တစ်ခုမဟုတ်ဘူး ။ မင်းထင်နေ သလို ငြိမ်းအေး ရာမဟုတ်ဘူး ။ ဘ၀မှာ နေထိုင်ဖို့အချိန်စေ့လို့ တို့တွေ သံသရာမှာ နောက်ဘ၀တစ်ခုကို ကူးပြောင်းဖို့ တံခါးဝ တစ်ခုသာဖြစ်တယ် ။ မင်း ဒီဘ၀မှာ ဘာတွေကို ယူသွားနိုင်လို့ နောက်ဘ၀ကိုကူးမယ့် တံခါးကိုသွားချင်ရသလဲ ။
    - အချိန်ကသိပ်နည်းတယ်ညီမငယ် -- ကုသိုလ်တရားနဲ့အကုသိုလ်တရားဟာ ကိုယ်သွားမယ့် သံသရာ တလျှောက် နောက် ကနေ အမြဲ ကပ်လိုက်ပါမယ့် အရိပ်တွေသာဖြစ်တယ် ။ မင်း မှာ အကုသိုလ်တွေ များရင်မင်း ငရဲရောက်မယ် မင်းမှာ ကုသိုလ်တွေများရင်မင်း ကောင်းတဲ့ဘုံဘ၀ကိုရောက်မယ် ။ မင်းအခုအချိန်ထိ ဘာတွေ များ လုပ်နေခဲ့သလဲ ပြန်ဆန်းစစ်ကြည့်ပါ ။
    ညီမ​လေး အတွက်​......