Saturday, March 26, 2016

နွေ ကဗျာစပ်​ ၂

အိုအေစစ်ရင်ခွင်ထက်က
ခရေတပွင့် ကြွေလွင့်သွားချိန်
နွေဥသြ တေးသံကမချို....

ပုဇင်းတို့ရဲ့
ရင်ကွဲည သံစဉ်တွေက ခပ်အအ
ကန္တာရ အခန်းကျဉ်းလေးထဲမှ
အကြင်နာမီးအိမ်က မှုံပြပြ
ဒိုင်ယာရီ တအုပ်က ကြေမွမွ....

အာကာသ ကြယ်တွေက
ဟိုတပျောက်..ဒီတပျောက်
လမင်းမျက်ရည်ကလည်း
ဟိုတပေါက်...ဒီတပေါက်....

ဝိုင်နီ ချိုချိုတခွက်နဲ့ရေးတဲ့
အသဲကွဲ ပန်းချီကားတချပ်
နွေနေပူမှာ တခန်းရပ်သွားတဲ့
ဒီပြဇာတ်....

သြော်...
နောက်ဆုံးတော့လည်း
သူ့ဆီက
မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
ကြင်နာခြင်းဆိုတာ
ငါ့အတွက်တော့
နာကျင်ခြင်းတွေပါပဲလား....။

No comments:

Post a Comment