Saturday, March 26, 2016

နွေ

““နွေ”””



နွေ.........

သြော်.....နွေတဲ့လား.......

သစ်ရွက်တွေခြွေမှ နွေ ပီသမတဲ့လား.......

ဥသြငှက်ရင်ကွဲ သံစဉ်ဆိုမှ

ချိုမြမြ လွမ်းရမတဲ့လား.......

လွမ်းတယ်ဆိုတာ မယုံဘူးမှတ်လား
ဟော့....ကြည့်စမ်း....

ရိုးတံကြဲကြဲ ကိုင်းကြားကနေ

ချွန်မြမြ ရွက်နုတွေ ဝေလို့ ...ဝေလို့ 

နွေကို အံတုနေတာ.....

ဥသြငှက် တေးသီလို့ 

ကံကော်တို့ တောင် နိုးထကြပြီ......

မကြာမှီ....အနောက်လေ မိုးစက်ပွင့် အကြဲမှာ......

ပန်းပိတောက်တွေ တစ်ဝေေ၀နဲ့ .....ပွင့်တော့မယ်

ငါ့အလွမ်းတွေ ဝေလို့ ....ကြွေလို့ ....

တစ်နွေပြီး တစ်နွေ ငါ့ကို ဖြတ်ကျော်နေခဲ့....

ဖြတ်ကျော်ခဲ့တဲ့ ခြေလှမ်းတွေက ထူလို့  ပူလို့ 

ဖြတ်သန်းလာခဲ့တဲ့ နွေ.....နွေ.....နွေ

ဒီနေ့ နွေနဲ့  မနက်ဖြန်နွေက

ငါ့နှလုံးသား မီးတောင်ကိုပိုလှုပ်ခတ်စေခဲ့.....

ဖြန်းပက် နေတဲ့ ရေတွေက

ငါ့ကို...လွမ်းမေားလို့ ....

လွမ်း.....လွမ်း...လွမ်း

ငါ့ကို...လွှမ်းမိုးလို့ .....

ပင်လယ်အောက်က မီးတောင်ကို

မငြိမ်း....

No comments:

Post a Comment