Saturday, March 26, 2016

နွေ ကဗျာစပ်

နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့


နွေ.....
လေရူးစေတဲ့ နွေ
ညွန့်ဖူးဝေတဲ့ နွေ
ပွင့်ဦးခြွေတဲ့ နွေ ..... ။
သည်နွေထဲမှာမှ ကိုယ့်မေတ္တာပန်းတစ်ပွင့်က
ပွင့်လန်းကြိုင်ဝေ.....။
ပွင့်ဖူးရယ်ဝေမှ
လေရူးကိုစေ
ရာသီရင့်လေတော့...
နွေမူး မူးလို့လား
လေရူးမြူးလို့လား
ကိုယ့်ပွင့်ဦးကပဲ
ရင်ထဲမှာ ညှာတံလှစ်
ကြွေသက်ခဲ့လေသလား
နာကျင်မှုတွေကြား
အဖြေခွဲခြား ရှာမရ
သြော်.....
ကိုယ့်မေတ္တာ ပန်းတစ်ပွင့်ကတော့
(မေရယ်) ကြွေခဲ့ပါပေါ့.......။ ။



No comments:

Post a Comment