သတိရခြင်းဆိုတာ
သတိရခြင်းဆိုတာ
ဆက်နေကျအချိန်မှာ
ဖုန်းနံပါတ်တွေ ယောင်ယောင်ပြီးနှိပ်မိတာမျိုး
သတိရခြင်းဆိုတာ
ကြားနေကျအချိန်တွေမှာ
ဖုန်းကိုယောင်ယောင်ပြီးကိုင်မိတာမျိုး
သတိရခြင်းဆိုတာ
သောက်နေကျကော်ဖီချိန်တွေမှာ
ယောင်ယောင်ပြီးသွားထိုင်တတ်တာမျိုး
သတိရခြင်းဆိုတာ
ကြည်နူးပျော်ရွှင်နေချိန်တွေကိုတွေးမိပြီး
တယောက်တည်းပြုံးမိတတ်တာမျိုး
သတိရခြင်းဆိုတာ
သူ့ကိုစိတ်အလိုမကျဖြစ်ချိန်တွေတွေးမိပြီး
နှုတ်ခမ်းကိုမဲ့မိတတ်တာမျိုး
သတိရခြင်းဆိုတာ
သွားနေကျလမ်းတွေကို
တယောက်တည်းယောင်ယောင်ပြီး
ခြေဦးလှည့်တတ်တာမျိုး
သတိရခြင်းဆိုတာ
တကယ်တော့
ကိုယ်ပစ္စ္စုပ္ပန်နဲ့ကင်းလွတ်ပြီး
သူ့အနားကို ရောက်သွားမိခြင်းမျိုးပါ
သတိရခြင်းဆိုတာ
စကားသံတွေတိတ်ဆိတ်သွားလောက်သည်အထိ သူ့ကိုတောင့်တမိတာမျိုး
No comments:
Post a Comment