Wednesday, April 27, 2016

လူလိမ်


“လူလိမ်”

ခေါင်းစဉ်မရှိတဲ့
အလွမ်းနှင့် မှ...
ဝေဆာချင်တဲ့သူ...။
မလေးနက်တဲ့
ရင်ဘတ်နှင့်မှ..
ချစ်တတ်ချင်တဲ့သူ..။
ဘ၀မပါတဲ့
အညာဇာတ်နှင့်မှ
ကပြ သုံးတော်ခံချင်တဲ့သူ...။ 
ရင်တွင်းဖြစ်မဟုတ်တဲ့
ကဗျာ အပုတ်တွေနှင့်မှ...
ကွန်ယက်ချင်တဲ့ သူ...။
အသည်းကိုစား
သူ့လက်ဖျားမှာ...
အစစ်မှန်သမျှ အံတု...
စိတ်ဓာတ်နိမ့် ခုံခုထားတဲ့လူ..။

No comments:

Post a Comment